နယူးဒေလီမြို့မှာလုပ်မယ့် “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ” ဆွေးနွေးပွဲကို NUG နဲ့ အပစ်မရပ် သေးတဲ့ EAOs အဖွဲ့တွေက သူတို့ကိုခေါ်တယ်ဆိုပြီး မီဒီယာများကနေတဆင့် လေလုံးထွား ပြောဆိုခဲ့ကြတာ အားလုံးအသိပါ။
လက်ရှိမှာတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလုပ်မယ့် “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ” ဆွေးနွေးပွဲကို နစကရဲ့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ၁၁ ပါတီနဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကိုပဲ ခေါ်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယဘက်က ဖိတ်ကြားမှုနဲ့ အဲဒီဆွေးနွေးပွဲကို နယူးဒေလီမြို့မှာ လုပ်ဖို့ရှိနေပြီး နိုဝင်ဘာ ၄ ရက်ကနေ ၇ ရက်အထိ ကြာမြင့်မဲ့ခရီးစဉ် ဖြစ်တယ်လို့သိရပြီး ဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံရဲ့ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ် ပုံစံတွေ၊ မြန်မာနိုင်ငံမှာ လက်ရှိဖွဲ့စည်းပုံ ပေးထားချက်တွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။
Crd