-နိုဝင်ဘာ ၃ ရက်နေ့ ၁၀၀၀ နာရီတွင် မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာသို့ လက်နက်ငယ်များကိုင်ဆောင်ထားသော အကြမ်းဖက် PDF ကျား ၇ ဦးခန့်မှ ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်း နေထိုင်သော ဦးစိုးသိန်း(၄၆)နှစ်နှင့် ဦးစည်သူအောင်(၃၄)နှစ်တို့ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ရွှေချောင်းကျေးရွာ၊ ပုသိမ် – မုံရွာကားလမ်း၊ ရွှေချောင်းတံတားအနီး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ဦးစိုးသိန်းတွင် နောက်ကျော၊ လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးစည်သူအောင်တွင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းသိရှိရ။
-နိုဝင်ဘာ ၃ ရက်နေ့ ၁၃၀၀ နာရီတွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်မဲကျေးရွာနေ ဦးကျော်ကျော်(၄၂)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဇင်မာ၊ ညီဖြစ်သူ မင်းအောင်(၂၇)နှစ်တို့သည် ဦးကျော်ကျော် မောင်းနှင်သည့် ယာဉ်အမှတ်၊ 2J/1706 DYNA(အဖြူရောင်) ယာဉ်ဖြင့် ရွှေပန်းတောကျေးရွာသို့ ဈေးဝယ်ရန် ထွက်ခွာလာစဉ် ကျောက်မဲကျေးရွာနှင့် ရွှေပန်းတောကျေးရွာ ကြား အရောက်၌ (စိစစ်ဆဲ)ကျား ၄ ဦးမှ ယာဉ်အား ရပ်တန့်ခိုင်းပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်ဇင်မာတွင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဦးကျော်ကျော်တွင် ယာပခုံး၊ ယာလက်ပြင်၊ ဝဲနားထင်၊ ဝဲနံစောင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ မင်းအောင်တွင် ရင်ဘတ်၊ ယာပေါင်၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သိရှိရ။
-နိုဝင်ဘာ ၃ ရက်နေ့ ၁၅၃၀ နာရီတွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်နေ နိုင်လင်းအောင်(ခ)စနေသား (၃၈)နှစ်သည် ဇနီးဖြစ်သူ ဟန်နီထွန်းအား ၎င်း၏မိဘများ နေထိုင်သည့် ရေနံချောင်းမြို့နယ်၊ လယ်ကျဉ်းရိုးကျေးရွာသို့ သွားရောက်ပို့ဆောင်ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လယ်ကျဉ်းရိုးကျေးရွာနှင့် လေးတိုင်စင်ကျေးရွာ ကြား အရောက်၌ အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ နိုင်လင်းအောင်(ခ)စနေသားတွင် ရင်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့် နိုင်လင်းအောင် (ခ)စနေသားသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသူဖြစ်သဖြင့် အကြမ်းဖက်သူများမှ ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရှိရ။
-နိုဝင်ဘာ ၃ ရက် ၁၇၄၅ နာရီတွင် ကျောက်ပန်းတောင်းမြို့နယ်၊ အိုင်မတောင်ကျေးရွာနေ ဦးကံအေး(၅၆)နှစ်နှင့် သားဖြစ်သူ ဦးဝင်းအောင်(၃၁)နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် လက်နက်ငယ်များကိုင်ဆောင်ထားသော အကြမ်းဖက် ကျား ၆ ဦးမှ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဦးကံအေးနှင့် ဦးဝင်းအောင်တို့အား ကျောက်ပန်းတောင်း မြို့နယ်၊ ကမ္ဘားတဲမြောက်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဖမ်းဆီးခံရသူ ၂ ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသူများဖြစ်သဖြင့် အကြမ်းဖက်သူများမှ ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း သိရှိရ။
-နိုဝင်ဘာလ ၃ ရက် ၂၁၃၀ နာရီတွင် တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာသို့ အကြမ်းဖက်အဖွဲ့သည် ငါန်းဇွန်မြို့နယ်၊ စီကောင်းကျေးရွာဘက်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်းနေထိုင်သော ဦးမိုးနွယ်(၅၀)နှစ်နှင့် ဦးကျော်ဦး(၄၄)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့ရာ ဦးမိုးနွယ်တွင် ရင်ဘတ်၊ ယာပါး၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးကျော်ဦးတွင် ယာမျက်လုံး၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။