ရခိုင်ပြည်နယ်တိုက်ပွဲသတင်း

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၂/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ)

(အမ်း)

အမ်းမြို့သို့ ရောက်ရှိနေသည့် စစ်ကူစစ်ကြောင်းများအနေဖြင့် နယ်မြေရှင်းလင်းခြင်း၊ စစ်ကူသွားရောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေ ၆ နာရီ အချိန်ခန့်က ၁ မိုင်ကုန်းစခန်းအနီး AA သောင်းကျန်းသူများစုဖွဲ့ရောက်ရှိနေကြောင်း တွေ့ရှိရသဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အမ်းမြို့အနောက်ဘက် မီတာ (၄၅၀၀)အကွာရှိ (၂/၃၀၀) တပ်ဆေးရုံပတ်ဝန်းကျင် နေရာများအား တပ်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အမ်းမြို့တောင်ဘက် မီတာ ၄၆၀၀ အကွာရှိ ကျမောင်းလမ်းခွဲ လုံခြုံရေးစခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး/Drone/ လေကြောင်း ပစ်ကူများ ရယူလျက် တပ်မတော်သားများမှ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ပြီး ရန်သူအား ရင်ဆိုင်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
ယနေ့ နေ့လည်ပိုင်း ၁၁ နာရီ ၄၅ မိနစ်ခန့်က နခခ (၅)နေရာအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက် ခိုက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများရယူကာ ပြန်လည်တိုက်ခိုက်ချေမှုန်း ခဲ့သောကြောင့် မိနစ်(၃၀)ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

တောင်ကုတ်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။