ပြောင်းလဲလာတဲ့ တပ်မတော်ရဲ့ စစ်နည်းဗျူဟာများ

ရခိုင်(အမ်း)မှာ…
တပ်မတော်က မထင်မှတ်တဲ့ ရန်သူမျှော်လင့်မထားတဲ့ အကွက်ကိုသုံးသွားတာတွေ့ရတယ်…

အမ်းမှာရှိတဲ့ အရပ်ဖက်လေယာဥ်ကွင်းဟာ AAသူပုန်တွေရ့ဲ နှောက်ရှက်ပစ်ခတ်မူ့တွေကြောင့် အသုံးမပြုဘဲ ရပ်တန့်ပိတ်ထားခဲ့ရတာ..အချိန်ကာလတခုရှိနေပါပြီ…

အရပ်ဖက်လေယာဥ်လည်းဆင်းမရ..တပ်လေယာဥ်လည်းဆင်းမရနဲ့

မနေ့ကတော့..
တပ်မတော်က တိုက်လေယာဥ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေဟာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာပြီး အမ်းလေယာဥ်ကွင်း ပါတ်ချာလညိမှာရှိတဲ့ တောင်ကုန်းတွေ ရွာတွေ တောအုပ်တွေကို..

တိုက်လေယာဥ်တွေက..ဦးစိုက်ဆင်းလာပြီး..စက်သေနတ်တွေနဲ့ပစ်.ပြန်အတက်မှာ..ဗုံးတွေချခဲ့လိုက်..

တိုက်ခိုက်ရေးရဟတ်ယာဥ်တွေက..
ရော့ကက်တွေနဲ့ ပစ်လိုက်..စက်သေနတ်တွေနဲ့ ပစ်လိုက်..ပြန်လှည့်ထွက်လိုက်နဲ့ လေယာဥ်ကွင်းပါတ်ချာလည် စိတ်ရှိတိုင်း ပစ်ခတ်ပြီးချိန်မှာ…

ဝိုင်.12.တွေရောက်ချလာပြီး…လေထီးတွေကောင်းကင်မှာ..ဖွေးဖွေးလှုပ်ကျဆင်းလာတာကိုတွေ့မြင်လိုက်ရပါတယ်

လေထီးများအားလုံး…အမ်းလေယာဥ်ကွင်း(ပြေးလမ်း)ထဲကိုအကုန်ကျရောက်လာပါတော့တယ်…

ဝိုင်.12.နဲ့ ရိက္ခာတွေ.ခဲယမ်းတွေချပေးနေချိန်မှာ…

တိုက်ခိုက်ရေးလေယာဥ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်များဟာ…လေပေါ်မှာပျံဝဲစောင့်ကြပ်ကြည့်နေခဲ့ကြပါတယ်..

ဝိုင်.12.နဲ့ ရိက္ခာခဲယမ်းများချပြီးချိန်မှာတိုက်လေယာဥ်နဲ့ တိုက်ခိုက်ရေးလေယာဥ်တွေဟာ တကြော့ပြန်ဝင်လာပြီး..ပါတ်ဝန်းကျင်ကုန်းတွေတောတွေကို.နောက်တကြိမ်ဝင်ရောက်ပစ်ခတ်ပြန်ပါတယ်..

ပစ်ခတ်ပြီးလို့..တိုက်လေယာဥ်/ရဟတ်ယာဥ်တွေ ပြန်လည်ထွက်ခွာသွားချိန်မှာ
MI.17..ရဟတ်ယာဥ်အုပ်ဟာ..အမ်းလေယာဥ်ကွင်းထဲကိုဆင်းသက်လာပါတယ်

တချိန်ထဲမှာဘဲ.MI17ပေါ်မှ..ခြေလျင်စစ်သည်များဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ဆင်း လာတာကိုတွေ့မြင်လိုက်ရပါတယ်…

စစ်သည်များမြေပြင်အရောက်မှာ..MI17.ရဟတ်ယာဥ်များပြန်လည်တက်သွားအပြီး…တိုက်ခိုက်ရေးလေယာဥ်အုပ် ပြန်လည်ရောက်ရှိလာပြီး..ကွင်းပါတ်လည် ဝဲပျံနေပါတယ်..

ရဟတ်ပေါ်မှဆင်းလာတဲ့ စစ်သည်များဟာ y.12ပေါ်ကချပေးသွားတဲ့.ပစ္စည်းထုပ်များကိုလိုက်လံကောက်ယူပြီး..​လေယာဥ်ကွင်းကနေ သတ်မှတ်နေရာများကိုချီတက်ထွက်ခွာသွားပါတော့တယ်

မျှော်လင့်မထားသော..မျှော်မှန်းမထားသော..လျပ်တပျက်ရိုက်ချက်တခုပါဘဲ..
Crd