အောက်တိုဘာ ၁၆ ရက် (မနေ့) မနက် ၈ နာရီချိန်ခန့်တွင် အမ်းမှ ပဒါန်းသို့ မောင်းနှင်လာသည့် ပြည်သူများ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်ယာဉ်အား ရခိုင်အကြမ်းဖက် AA ၅၀ ဦးခန့်က အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက် သဖြင့် အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။ ဒဏ်ရာရသူများမှာ ချင်းလူမျိုးများဖြစ် –
(၁) မမေသူကျော် (၁၈ နှစ်) (မစိုးရိမ်ရ)
(၂) မထက်ထက်မိုးဝေ (၁၄ နှစ်) (စိုးရိမ်ရ)
(၃) မောင်ဇေထက်ပိုင် (၁၈ နှစ်) (စိုးရိမ်ရ)
(၄) ဦးတင်မြင့် (၅၄ နှစ်) (စိုးရိမ်ရ)
(၅) ဦးနိုင်လင်းအောင် (၄၉ နှစ်) (မစိုးရိမ်ရ)
(၆) ဦးမင်းလွင် (၄၃ နှစ်) (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး မင်းဘူးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနိုင်ရန် နယ်မြေခံစစ်ကြောင်းမှ ကူညီပေးခဲ့ကြောင်း သိရှိရပါတယ်။
အလားတူ အဆိုပါနေ့ရက် မနက် ၉ နာရီခန့်တွင်လည်း အမ်းမှ မကွေးသို့ မောင်းနှင်လာသော အရပ်သားပြည်သူ စီးနင်းလာသည့် မော်တော်ယာဉ် ၁၀ စီးအား ရခိုင်အကြမ်းဖက် AA ၅၀ ဦးခန့်က တားဆီးပြီး အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြားရှိ အရပ်သားပြည်သူ ကျား ၂၄ ဦး၊ မ ၁၄ ဦး၊ ပေါင်း (၃၈)ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရပါတယ်။
အရပ်ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ဖမ်းဆီးခံပြည်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် နယ်မြေခံစစ်ကြောင်းများမှ ရခိုင်အကြမ်းဖက် AA သူပုန် များကို ရှာဖွေလိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရပါတယ်။