စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) တပ်မတော်ဆေးတက္ကသိုလ် ဆေးပညာဘွဲ့ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇)၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)တို့မှ ဗိုလ်လောင်းများသည် နည်းပြအုပ်ချုပ်သူများ လိုက်ပါ၍ အောက်တိုဘာ ၇ ရက်မှ ၁၅ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် နေပြည်တော်ကောင်စီနယ်မြေများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး ၎င်းမြို့များရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများသို သွားရောက်လေ့လာကြကာ တန်ခိုးကြီးဘုရားစေတီများအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရပါတယ်။
Related Posts
ပြည်တွင်းရှိ ဆီစက်များအား ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်လျှင် အနာဂတ်စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်
- admin
- October 29, 2022
စားသုံးဆီများသန့်စင်သည့် နည်းပညာများပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။ အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မိမိတို နိုင်ငံတွင် မြေပဲ၊ […]
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်
- ရှင်ယွန်း
- December 8, 2022
ဒီဇင်ဘာ ၇ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊နောင်ချိုမြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးကို ဝန်ခံကတိလက်မှတ် […]
(၇၈)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့အခမ်းအနားကျင်းပ
- အေးခင်
- May 6, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မေလ ၅ ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရ။