သန်းခေါင်စာရင်းကောက်ယူနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဟန့်တားနှောက်ယှက်နေတဲ့ အကြမ်းဖက်သမားတွေဟာ ဉာဏ်ရည်နိမ့်ပါးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို လုံးဝမလိုလားတဲ့ အကြမ်းဖက်အဖျက်သမားစစ်စစ်တွေဖြစ်ပါတယ်။
သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆိုတာ ကောက်ယူဖို့ စီစဉ်တဲ့အစိုးရရဲ့ အကျိုးစီးပွါးမဟုတ်ပဲ ဘယ်အစိုးရမဆို အစဉ်အဆက်ဖွံ့ဖြိုးရေးအတွက် အသုံးချရမယ့် နိုင်ငံတော်အခြေပြ အချက်အလက်တွေဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေဟာ ဉာဏ်ရည်နိမ့်ပါးပြီး ပညာမတက်တော့ State နဲ့ Government ကိုမခွဲခြားတတ်ဘဲ Government ဘာလုပ်လုပ် နှောက်ယှက်ဖျက်ဆီးတိုက်ခိုက်နေကြတော့ State Building လုပ်ငန်းစဉ်ကို ကြီးမားစွာထိခိုက်မယ်ဆိုတာကို သူတို့နားမလည်ကြပါဘူး။
ယနေ့ နစက အစိုးရဘက်ကလုပ်နေတဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်ဟာ နစက အစိုးရရဲ့ အကျိုးစီးပွါးအတွက် လုပ်နေခြင်းမဟုတ်ပဲ State Building တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ အချက်အလက်တွေရရှိရေး လုပ်နေတယ်ဆိုတာကို နိုင်ငံသားတိုင်းသဘောပေါက်ရမှာဖြစ်ပါတယ်။
ဒီအချက်အလက်တွေဟာ အနည်းဆုံးနောက်ထပ် ၁၀နှစ်အတွင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများရေးဆွဲရာမှာ အသုံးဝင်မှာဖြစ်ပါတယ်။
ဒါကြောင့်မို့ လောင်းလုံမြို့နယ်နဲ့ တီးတိန်မြို့နယ်တို့မှာ သန်းခေါင်စာရင်းကောက်ယူနေတဲ့ ကျောင်းဆရာ/ဆရာမတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပညာမဲ့ ဉာဏ်ရည်နိမ့် အကြမ်းဖက်သမားတွေကို ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ရှုတ်ချသွားကြဖို့ လိုပါလိမ့်မယ်။
အောင်ရှင်း