NUG အိမ်မက် ဂယောက်ဂယက်

NUG ဆိုတာ တကယ်တမ်းတော့ ယန်းကီးတို့ရဲ့ ရုပ်သေးရုပ်၊ ယန်းကီးတို့ဂိုက်လိုင်းပေးမှ လုပ်တတ်တဲ့သဘော၊ မစ်ရှင်မပေးပဲလွှတ်ထားကြည့် ကသောင်းကနင်းနဲ့ သူတစ်လူငါတစ်မင်း၊ ငါ့အတွက် ငါ့မိသားစုအတွက်ဆိုတဲ့ လူတွေချည်းပဲ စုပေးထားသလား မှတ်ရတယ်(မယုံရင် စတိုးဆိုင်ပိုင်ရှင်ကြီးကို ကြည့်)။

EAO တွေနဲ့ရောကြည့်တယ်၊ ဟိုလူတွေက စားနေကျကြောင်ပါးတွေ၊ ပဒက်အင်အားကိုသုံးချင်တော့ ဘာညာဆိုပြီး လေပြေလေးနဲ့ ကျောသပ်ပေးတော့ အဟုတ်ထင် စိတ်ကြီးတွေဝင်။ ဟော သူတို့ဖခမည်းတော်က ဝက်အူ ၂ ရစ် လောက်လည်း ကြပ်လိုက်ရော အနူဂျီ .. ဘာလဲ .. ဘယ်လဲထလုပ်တော့ အနူဂျီအတွက် မျက်ရည်စက်။

အခုလည်း ကယားတွေ ကချင်တွေ ရခိုင်တွေ စည်းလုံးကြပါ ထအော်ပြန်ရော၊ တိုင်းရင်းသားချင်းကို တစ်ခုတည်းတင် လေးဖွဲ့လောက်ရှိတာကို စည်းရုံးနေသေးတယ်(ဆုတောင်း)။

လက်နက်ကိုင်မှန်သမျှ အစိုးရလက်အောက်က နိုင်ငံ့တရားဝင်တပ်မတော်သာလျှင် စည်းမျဉ်းစည်းဘောင်ထဲမှာ ရှိတယ်။ ကျန်လက်နက်ကိုင်မှန်သမျှ သေနတ်ပြောင်းဝက ဥပဒေပဲ။ မဟုတ်ဘူးလာမငြင်းနဲ့ ပြည်သူတွေ ကိုယ်တွေ့။

NUG အနေနဲ့ တိုင်းရင်းသားတွေစည်းလုံးအောင်မပြောနဲ့ ကိုယ့်ထောက်ပို့အချင်းချင်း တည့်အောင် အရင်လုပ် ကြည့်ဦး (အနူဂျီအချင်းချင်းတည့်ဖို့တောင် ဘယ်လိုမှညှိမရဘူး)။

EAO တွေပေါင်းတိုက်ရင် တပ်မတော်ဒုက္ခရောက်မယ်ဆိုတဲ့ အနူဂျီအတွေးက ရိုးရိုးလေးပဲစဉ်းစားကြည့်ရရင် ဟိုးလွန်ခဲ့တဲ့ ၁၈ နှစ်တည်းက တိုက်နေပြီပေါ့ .. (မရလို့မလုပ်တာပေါ့)။ စစ်ကားတောင် မြန်မာစာတမ်းထိုး မပါရင် နားမလည်တဲ့ အနူဂျီကာကွယ်ရေးဝန်ကြီး၊ အပျိုတော်အကနဲ့သင်္ကြန်အကဘက်မှာသာ pro ကျတဲ့သူ လျှောက်ပြောတာကို ယုံနေကြသေးတဲ့သူတွေရှိသေးတယ် (တကယ့်ဟာသ)။

အရင်က ရပ်ကွက်လူမိုက်၊ အခုတော့ ရေးဘီလူး ဆိုတဲ့ကောင်ကိုပဲကြည့်.. တော်လှန်ရေး .. တော်လှန်ရေးအော်ပြီး အိုင်ဖုန်း ၁၆ ပရိုမက်စ်နဲ့ အဲ့လိုကောင်တွေချည်းပဲ (၉၈% လောက်ရှိတယ်)။

အနူဂျီမက်နေတဲ့ အိမ်မက်က ၂၀၂၄ နိုဝင်ဘာလမှာ ပျောက်ကွယ်တော့မယ်ဆိုတာကိုသာ သိခဲ့ကြမယ် ဆိုရင်……

..မျှော် …