ထိုင်းရောက် မြန်မာ CDM ဆရာမတစ်ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီး

မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ထိုင်းနိုင်ငံမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမတစ်ဦးကို တရားမဝင်စာသင်ကြားမှုနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

အသက် ၃၇ နှစ် အရွယ်ရှိတဲ့ အဲဒီဆရာမဟာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဘက်ကနေ CDM လုပ်ပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာသူ ဖြစ်တယ်လို့ သိရပြီးသူဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွှန်ဖော်ခရိုင်က အုန်းခြံတစ်ခုမှာ ရွှေ့ပြောင်းကလေးငယ်တွေကို တရားမဝင် စာသင်ပေးနေတာလို့ ဆိုပါတယ်။

အဆိုပါ အုန်းခြံအတွင်းက စာသင်ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးခန့်ရှိပြီး ကျောင်းသားတစ်ဦးကို ကျောင်းလစဥ်ကြေးအနေနဲ့ တစ်လ ဘတ် ၅၀၀ ကနေ ၇၀၀ အထိ ကောက်ခံနေတာဖြစ်တယ်လို့ သိရပါတယ်။

CRD/