PDF များ၏ Drop Bomb ချတိုက်ခိုက်ခံရမှုကြောင့် ဒေသခံများသေဆုံးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အောင်သာယာကျေးရွာတွင် အောက်တိုဘာ ၄ ရက်က  Drop Bomb များ ပစ်ချတိုက် ခိုက်ခံရမှုကြောင့် ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သည်။

အောက်တိုဘာ ၄ ရက်  မွန်းလွဲ ၁ နာရီခွဲခန့်တွင် PDF များက အောင်သာယာကျေးရွာ၏  အရှေ့တောင်ဘက် မီတာ ၁၂၀၀ ခန့် အမြင့်မှနေ၍ ဒရုန်းဖြင့် Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း နေထိုင်လုပ်ကိုင်နေသူ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိကြောင်း၊ ဒဏ်ရာရရှိသူများအား ကျေးရွာဆေးပေးခန်း၌ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း နစကက ထုတ်ပြန်သည်။