ရေဘေးထောက်ပံ့ရေး ပစ္စည်းအတွင်းထဲသို့ ဗုံးများထည့်ကာ PDF များမှ ဖောက်ခွဲတိုက်ခိုက်

ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း၊ ကမ်းနားလမ်း၊ စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ မှတ်ပုံတင် Smart Card ပြုလုပ်နေကြစဉ် အကြမ်းဖက် PDF များမှ ဗုံးခွဲတိုက်ခိုက်သည့်အတွက် ပြည်သူ ၁၀ ဦး ပြင်းထန်စွာ ဒဏ်ရာရှိသွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာ အကြမ်းဖက် PDF များမှ ပြည်သူယောင်ဆောင်ပြီး ရေဘေးဒုက္ခသည်များအတွက်ဟုဆိုကာ လာရောက် လှူဒါန်းထားသည့်ဆန်အိတ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။