စက်တင်ဘာ ၂၁ ရက်၊ နေလည်ပိုင်းအချိန်တွင် တောင်ခမ်းဒေသအတွင်း နယ်မြေရှင်းလင်း၍ အောင်မြေချဲ့နေသော စစ်ကြောင်းသည် သတင်းအရ ရန်သူကာကင်းကုန်းတစ်ခုအား တိုက်ခိုက်ရှင်းလင်းရာ အကြမ်းဖက် TNLA/PDF ၃၀ ဦးတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူမှာ ကျဆုံးအလောင်းများ ဆွဲ၍ ထွက်ပြေးသွားသဖြင့် ၎င်းကာကင်းကုန်းကို ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA/PDF အလောင်း ၄ လောင်း
(၂) Type-81 သေနတ် ၄ လက်
(၃) ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။
ဖြစ်စဉ်ပါ ရရှိရန်သူ့အလောင်း ၄ လောင်းထဲတွင် ၁ ဦးမှာ ဝဲလက်မောင်း ပြတ်ထွက်ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသော်လည်း မိမိတပ်ဖွဲ့များရှိရာသို့ ဆေးကြောင်ကြောင်ပြီး သွေးရူးသွေးတမ်း ပြေးလာသဖြင့် ပစ်ချ လိုက်ရကြောင်း သိရှိရပါတယ်။
လက်ရှိတောင်ခမ်းဒေသတွင် လေကြောင်းပစ်ကူ ထိရောက်မှု၊ လနကပစ်ကူ တိကျမှု၊ တောင်ခမ်းမှ တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုတို့ကြောင့် အကြမ်းဖက် TNLA အများစုဟာ နောင်ချိုဘက်သို့ ဆုတ်ခွာထွက်ပြေးလျက်ရှိပါတယ်။ ရန်သူသည် အဖွဲ့ငယ်များဖြင့်သာ နှောင့်ယှက်တိုက်ခိုက်နေသဖြင့် စစ်ကြောင်းများနှင့် ကြိုကြားကြိုကြား ထိတွေ့မှုများ ဖြစ်ပွားလျက်ပါတယ်။ ရန်သူအနေဖြင့် မူးယစ်ဆေး/ ရိက္ခာ/ ခဲယမ်းများ နည်းပါးနေပြီး ၎င်းတို့ရဲ့ LOC ထောက်ပို့လမ်းကြောင်းအား တပ်မတော်မှ ဖြတ်တောက်ပိတ်ဆို့လျက်ရှိပါတယ်။
တောင်ခမ်းတွင် တပ်ဖြည့်အကူများ ရောက်ရှိနေပြီးဖြစ်သလို ပစ်ကူများကိုလည်း ယခုထက်ပိုမို ထိရောက် ပစ်ကူများ ပေးသွားမည်ဖြစ်ပြီး တောင်ခမ်းမှ စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့တဲ့ တပ်မတော်သားများကိုလည်း စွမ်းရည်ဘွဲ့တံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။