ပါလက်စတိုင်းနယ်မြေတွေမှာ တိုက်ခိုက်မှုတွေပြုလုပ်နေတာကို ၁၂ လအတွင်း အဆုံးသတ်ဖို့အတွက် ကုလသမဂ္ဂက မနေ့က မဲပေးတောင်းဆိုလိုက်ပါတယ်။ ထောက်ခံမဲ ၁၂၄ မဲ ရရှိခဲ့ပြီး ကုလအထွေထွေညီလာခံမှာ အဆိုပါဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။
အမေရိကန်၊ ဟန်ဂေရီ၊ အစ္စရေး၊ အာဂျင်တီးနား၊ ချက်ချီးယား၊ ဖီဂျီ၊ မာလာဝီ၊ မိုက်ခရိုနီးရှား၊ Nauru၊ Palau၊ ပါပူဝါနယူးဂီနီ၊ ပါရာဂွေး၊ တွန်ဂါနဲ့ တူဗာလူနိုင်ငံတွေကတော့ ကန့်ကွက်မဲပေးခဲ့ကြပြီး နိုင်ငံပေါင်း ၄၃ နိုင်ငံကတော့ ကြားနေခဲ့ကြတယ်လို့ သိရပါတယ်။ #Crd