(ကျိုက်ထို)
မွန်ပြည်နယ် ကျိုက်ထိုမြို့၏ အရှေ့တောင်ဘက်ရှိ သဲဖြူချောင်းတံတားနေရာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် KNLA တပ်မဟာ ၁ ၊ ရင်း (၃) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း လက်နက် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့။
(တနင်္သာရီ)
တနင်္သာရီမြို့၏ အရှေ့မြောက်ဘက်၌ နယ်မြေရှင်းလင်းစဉ် ဘန်လောကျေးရွာအနီးသို့အရောက် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က ရီမုမိုင်း ဖောက်ခွဲ၍ လက်နက်ကြီး/ငယ် ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း -စနိုက်ပါမှန်ပြောင်း ၁ လက်၊ ပြောက်ကျားယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့။
(သပိတ်ကျင်း)
သပိတ်ကျင်းမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့်က ၁ ကြိမ်၊ ၁၅ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း- အမ်အေ(၁၀) ၁ လက်၊ ဒုံးသီး ၁ လုံး သိမ်းဆည်းရမိခဲ့။
(တောင်ငူ)
တောင်ငူမြို့နယ်တစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် KNLA တပ်မဟာ ၂ ၊ ရင်း(၅) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း KNLA ၁ လောင်း၊ အမ်(၄) ကာဘိုင် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့် သိမ်းဆည်းရမိခဲ့။
တိုက်ပွဲသတင်းစုံ