ပို့ ကုန်မူဝါဒဖြေလျှော့ပေးပြီးနောက်ပိုင်း ပြည်ပဆန်တင့်မှုမြင့်တက်လာ

ဗဟိုဘဏ်မှ ပို့ ကုန်တင်ပို့ ခြင်းမှရရှိသည့် ပို့ ကုန်ရငွေပမာဏ၏ ၃၅ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာဖြေလျှော့သတ်မှတ်ပေးပြီးနောက်ပိုင်း ပြည်ပဆန်တင့်မှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်၏ ငါးလတာကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၇ သိန်းကျော်တင်ပိုထားပြီး ဝင်ငွေအနေဖြင့် ကန်ဒေါ်လာ ၃၅၃ သန်းရရှိထားကြောင်း သိရသည်။

ထို့ ပြင် ပြည်ပဆန်တင်ပိုမှုအနေဖြင့် ဩဂုတ်လတွင်ဆန်တန်ချိန် နှစ်သိန်းကျော်တင်ပို့ နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၉၇ သန်းရရှိခဲ့ကာ တင်ပိုမှုလအလိုက်နှိင်းယှဉ်ကြည့်ပါက ဩဂုတ်လသည် အများဆုံးတင်ပိုနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ဆန်ကို နိုင်ငံပေါင်း ၃၀ သို့ ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းတိုမှ တင်ပို့ ခဲ့ပြီး ပင်လယ်ရေကြောင်းမှ မက်ထရစ်တန်ချိန် ၂၀၃၄၁၉ တန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထရစ်တန်ချိန် ၃၉၅၀ တန် တင်ပို့ ခဲ့ကြောင်း သိရသည်။