ရုရှားသမ္မတ ပူတင် သည် နိုင်ငံတကာရာဇဝတ်တရားရုံး(အိုင်စီစီ)အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ရုရှားသမ္မတ ပူတင် သည် အိုင်စီစီက ဖမ်းဝရမ်းထုတ်ထားသော်လည်း အိုင်စီစီအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့အခြေစိုက် အိုင်စီစီသည် ယူကရိန်းစစ်ပွဲကာလအတွင်း စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ရုရှားသမ္မတ ပူတင် ကို ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဝရမ်းထုတ်ခဲ့သည်။ ရုရှားသမ္မတသည် မွန်ဂိုလီးယားသမ္မတ၏ ဖိတ်ကြားချက်အရ လာမည့် စက်တင်ဘာလ ၃ ရက်တွင် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတ ပူတင် အတွက် အိုင်စီစီက ထုတ်ပြန်ထားသည့် ဖမ်းဝရမ်းကို တရားဝင်မှုမရှိသည့် ဖမ်းဝရမ်းအဖြစ် ငြင်းပယ်ထားပြီးဖြစ်သည်။ မွန်ဂိုလီးယားနိုင်ငံသည် အိုင်စီစီ၏ ရောမစာချုပ်ကို ၂၀၀၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးထားသည်။