ခုနှစ်ဝါရွာအနီး တိုက်ပွဲဖြစ်ပွား၊ အလောင်း၊ လက်နက်များရရှိ

သြဂုတ်လ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ခုနှစ်ဝါရွာအနီး တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက် KNU/PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲဖြစ်စဥ်အတွင်း အကြမ်းဖက် KNU/PDF များမှ လူအင်အားအလုံးအရင်းဖြင့် Drone များ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်းနှင့် တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များမှလည်း ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက် KNU/PDF များ ဆုတ်ခွာထွက်ဆပြးသွားခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါတိုက်ပွဲဖြစ်စဥ်အတွင်း လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိပဲ အကြမ်းဖက်သမားများထံမှ-

  • အကြမ်းဖက် KNU/PDF အလောင်း ၁ လောင်း
  • M-79 ဗုံးပစ်လောင်ချာ ၁ လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။