မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာအနီးတွင် NUG က သူခိုးဝန်ကြီးတစ်ဦးရဲ့ တူဖြစ်သူကို ၂၇ရက် သြဂုတ်လ မွန်းတည့်ချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်
နွားထိုးကြီးမြို့၊ အမှတ်(၈)ရပ်ကွက်နေ ဦးတင်လှ(တင်လှကုန်စုံစတိုးဆိုင်)မှ အရှေ့တောင်ဘက်ရှိ ဒေါင့်ဘိုးကျေးရွာသို ရွာစျေးဆိုင်များမှယူဝယ်ယူသော ကုန်ပစ္စည်းများကို Light Truck၊ ၁၀ ပေ ကားဖြင့်သွားရောက်ပိုဆောင်ခဲ့စဉ် အကြမ်းဖက် PDF အဖွဲ့မှ ကားအားရပ်တန့်ခိုင်းပြီး ဆိုင်ပိုင်ရှင်အား ဖုန်းဆက်ခေါ်ခိုင်းကြောင်း၊ ကားစပါယ်ယာနှင့် ဒရိုင်ဘာတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရောက်ရှိလာသော ကုန်စုံစတိုးဆိုင်ပိုင်ရှင်၏ သားဖြစ်သူ ကိုစည်မင်းထက်အား ကားပေါ်ပါရှိသော ကုန် ပစ္စည်းများနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်
အဆိုပါ ကုန်စုံဆိုင်ပိုင်ရှင်ဖြစ်သူ ကိုစည်မင်းထက်မှာ NLD ပါတီကိုထောက်ခံအားပေးသူဖြစ်ပြီး နွားထိုးကြီးမြို့နယ်၊ NLD ပါတီဝင် နိုင်ထူးအောင် (NUG ဝံချီး)၏ တူဝမ်းကွဲတော်စပ်ကြောင်း သိရပါတယ် (#Crdရွှေနေကြာ)
ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ခံနေရတဲ့ NUG ရဲ့ အနေအထားကတော့ ကျဉ်းထဲကျပ်ထဲမှာပါပဲ သူတို့တွေကို ဖမ်းဖို့ သတ်ဖြတ်ဖို့အတွက် ခိုင်းစေနေတဲ့ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်နေမလဲဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်လို့နေပါတယ်