ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့ အနီး မိုင်တိုင်အမှတ် (၈ ၈/၇)နှင့် (၈၈/ဝ)ကြားတွင် ဆီဘောက်ဆာယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားရာ မီးလောင်မှုမဖြစ်ပွားစေရေး အချိန် (၄) နာရီကျော်ကြာ ရေမှုန်ရေမွှား ပက်ဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယမန်နေ့ သြဂုတ် (၂၅)ရက်၊ ည (၇)နာရီ (၃၃)မိနစ် အချိန်ခန့်က ရန်ကုန်မြို့ မှ တောင်ကြီးမြို့ သို့ မောင်းနှင်လာသော NIS SAN UD QUESTER အမျိုးအစား(အဖြူရောင်) ဆီဘောက်ဆာယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။