ဖြစ်စဉ်ကတော့ ဩဂုတ် ၁၈ ရက်၊ မွန်းလွဲ ၃ နာရီကျော်မှာ ဖြစ်သွားတာပါ။
မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ကမ်းနားလမ်းမှာ အကြမ်းဖက် PDF ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်လို့ ပြည်သူအချို့ ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ သိရှိရပါတယ်။ သေဆုံးသူထဲတွင် လူမမယ်ကလေးငယ် ၂ ဦး ပါရှိတာကို စိတ်မကောင်းဖွယ် သိရှိရပါတယ်။
(၁) ဦးဇော်ညွန့် ၄၈ နှစ် (သေဆုံး)
(၂) မအိန်ဂျယ်မိုး ၉ နှစ် (သေဆုံး)
(၃) ဦးကျော်ဇင်မင်း ၄၅ နှစ် (သေဆုံး)
(၄) ဦးကျော်ဇေယျ ၃၈ နှစ် (သေဆုံး)
(၅) မောင်ဇွဲသီဟမာန် ၄ နှစ် (သေဆုံး)
(၆) ဦးသီဟအောင် ၃၅ နှစ် (ဒဏ်ရာရ)
သေဆုံးသူ ဦးဇော်ညွန့် သည် အကြမ်းဖက်အဖွဲ့သို့ ကူညီထောက်ပံ့ပေးမှုမရှိသဖြင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။