စေတနာမှန်ရင် အကျိုးမယုတ်ဘူး
ကိုယ်ကြည်ဖြူလို့
ကူညီခဲ့တာတွေက
လူအများသိဖို့
သက်သေအထောက်အထား
ပြစရာမလိုပါဘူး။
ကိုယ့်စေတနာက
ကိုယ့်အတွက်သက်သေအခိုင်အမာ
ပါပဲ။
ကိုယ့်စေတနာ အမှန်ကသာ
သူတပါးအဆင်ပြေသွားပြီး
စိတ်ချမ်းသာသွားစေဖို့အတွက်
အလေးထားပါ။
ကိုယ်ကူညီခဲ့ရတဲ့သူဆီက
ဘာတုံ့ပြန်မှုကိုမှ မမျှော်လင့်တာ
အကောင်းဆုံးပါပဲ။
ကူညီပြီး မေ့မေ့ပျောက်ပျောက်
နေနိုင်လေ ကောင်းလေပါပဲ။
အကယ်၍ သူတပါးဆီက
ဘာတုံ့ပြန်မှုမှ ပြန်မလာဘူးဆိုရင်
တောင်
ပေးပြီးရင် မေ့ထားလိုက်နိုင်တဲ့
အစွမ်းသတ္တိကြောင့်
အခြားသောတုံ့ပြန်မှုတွေက
ကိုယ့်ကိုအဆင်ပြေအောင်
တစ်နည်းနည်းနဲ့
ဖန်တီးပေးတတ်ပါတယ်။
ဒါဟာ စေတနာမှန်ရင်
အကျိုးမယုတ်ဘူးဆိုတဲ့သဘော
တရားပါပဲ။
မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)