မြန်မာနိုင်ငံအတွင်း အာဏာသိမ်းတယ်ဆိုတဲ့ ကောလာဟလတွေကို မြန်မာအာဏာပိုင်တွေက ငြင်းဆိုထားပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုရှားသတင်းဌာန RIA Novosti မှာ ယနေ့ရက်စွဲဖြင့် ဖော်ပြလာကြောင်းသိရှိရပါသည်။
သတင်းအစပိုင်းတွင် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုဟုယူဆရသည့် ကောလဟလသတင်းများ လူမှုကွန်ရက်များနှင့် မီဒီယာအများအပြားတွင် ထွက်ပေါ်လာခဲ့ကြောင်း အစပျိုးကာ “အကောင့်အတုတွေက ပြည်ဖျက်မီဒီယာတွေနဲ့ပေါင်းပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတဲ့ ကောလဟာလတွေ ဖြန့်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီပူးပေါင်းပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်လျက်ရှိပါကြောင်း” နိုင်ငံတော်စီမံအုပ်အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားပါတယ်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

