နိူင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်တက်ရောက်ရန်ကာကွယ်ရေးဝန်ကြီးရုရှားသို့ထွက်ခွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရုရှားနိုင်ငံသို့ယမန်နေ့ ညနေပိုင်းက ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်ကို တက်ရောက်ရန် ထွက်ခွားသွားခြင်းဖြစ်သည်ဟု သိရသည်။

(၁၀) ကြိမ်မြောက် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (10th Inter-national Military-Technical Forum (Army-2024)ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကူဘင်ဘာဒေသတွင် ပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

//𝙈𝙃𝙏𝙉𝙀𝙒𝙎