လားရှိုး ရမခသတင်း
မနေ့က တညလုံး လားရှိုး ကိုတိုက်နေသော လူမျိုးခြား MNDAA အမည်ခံ သူခိုးကန့် များအား
လေကြောင်း ဖိုက်တာများမှ စွမ်းစွမ်းတမံ ထိထိမိမိ ပစ်ခတ်ချေမှုန်းခဲ့တယ်။
မြေပြင်ကျန်ရှိစစ်သည်တွေကလည်း ကိုယ့်မြေ ကိုယ့်ရေဆိုတဲ့အသိနဲ့ အသက်သေရင်သေ
ပါစေ ငါတို့ အရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ကြံ့ကြံ့ခံကာ တိုက်နေခဲ့တယ်
တကွဲတပြားစီအချိပ်အဆက်မရှိအဆက်သွယ်ပြတ်တောက်သွားတဲ့ တပ်မတော်ညီကို အချို့လည်း ပေါင်းစည်းမိခဲ့တယ်
ဒီမနက်ရလဒ်က ရမခ ရန်သူလက်ထဲအလုံးစုံ ရောက်မသွားခဲ့ပဲ
နေရာအချို့ ကလွဲပြီး ကိုယ့်ဘက်ကပြန် ထိမ်းချုပ်နေနိုင်တဲ့ပုံစံမျိုးဖြစ်လာတယ်။
ရန်သူက နေရာစုံမှာ ပြန့်ကျဲနေဆဲဆိုပေ့မဲ့အရင်ရက်တွေကလိုခပ်မာမာ ခေါင်းမထောင်အားတော့ပါဘူး ။ ကောက်ရိုးမီးလို စိတ်လျော့လိုက်လို့လည်းမဖြစ်သေးပါဘူး။
အလှည့်ကျလေကြောင်းပစ်ကူ ဖိုက်တာများမှ ရန်သူပြန့်ကြဲ အသုအဖွဲ့များရှာဖွေ ရှင်းလင်းခြင်း Mission Attack ဆက်လက်လုပ်ပေးနိူင်မှ ရန်သူ့ဦး ခါး ကျိုးပြီး နလံမထူမှာဖြစ်ပါတယ်။
ဒီမနက်စောစောမင်္ဂလာသတင်းကတော့အဆက်သွယ်ပြတ်တောက်နေတဲ့တပ်အချင်းချင်းလည်း အတော်လေး အချိပ်အဆက်
ပြန်ရှိလာကြတယ်လို့သိရပါတယ်။
နေ့လယ်လောက်ဆိုရင်ပိုမိုကောင်းမွန်တဲ့မင်္ဂလာသတင်းတွေကြားကြရမှာသေချာပါတယ်
တညလုံး ဝုန်းနေတဲ့လေတပ်ကို လည်းလေးစားပါတယ် မြေပြင်အခက်ကြုံနေချိန် အထောက်ကူကောင်း
ဖြစ်ခဲ့သလို ရလဒ် ကပြောင်းပြန်ဖြစ် စေခဲ့ရတာပါ။
မြေပြင်ကကြံ့ကြံ့ခံ နေတဲ့ ငါ့ ညီကို စစ်သားကောင်းကြီးတွေကိုလည်း လေးစားဂုဏ်ယူလျက်ပါ
မကြာခင် ရမခ မှာ ကိုကန်း ပလောင် ရုပ်ဖျက် ” ဝ ” ယူနန် ၊ PDတပ်ပျက် ပဒက် နဲ့ BPLA ဆိုတဲ့ ဗမာကွန်မြူနစ်ပါတီလက်ကျန် သူပုန်မျိုးတုန်းစေရမည်။
ရမခအောင်ပွဲ ပြည်သူစိတ်ရှိသူ စစ်စစ် တွေ နဲ့ အတူဆင်နွဲကြပါစို့။
၀၆နာရီ၂၅မိနစ်
တနင်္ဂနွေနေ့
သြဂုတ်လ ၄ရက်
