အပိုင်း (၁)
ဘင်းမ်စတက်အမျိုးသားလုံခြုံရေးအကြီးအကဲများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အဖွဲ့ဝင် ၇ နိုင်ငံမှ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ (National Security Chiefs) နဲ့ ဘင်းမ်စတက် အတွင်းရေးမှူး ချုပ်တို့ တက်တက်ကြွကြွ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဒီအစည်းအဝေးဟာ လေးကြိမ်မြောက်ပြုလုပ်တာဖြစ်ပြီး “အကြမ်းဖက်မှုနှိမ်နှင်းရေးနဲ့ နိုင်ငံဖြတ် ကျော်မှုခင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တာဖြစ်တာကြောင့် မြန်မာ နိုင်ငံအနေနဲ့ လတ်တလောကြုံတွေ့နေရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ၊ မူးယစ်ဆေးဝါး တားဆီးရေးဆောင်ရွက်ချက်များ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများကို အဖွဲ့ဝင်နိုင်ငံများမှတစ်ဆင့် ဒေသတွင်းနိုင်ငံများကို သိရှိအောင် ရှင်းလင်းတင်ပြခွင့်ရခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲ့ထဲမှာ မြန်မာ့အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတွေ ပါဝင်တဲ့ အတွက်ကြောင့်မို့ နယ်စပ်ဒေသမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများကို ပူးပေါင်းနှိမ်နှင်းနိုင်မယ့် နည်းလမ်းများကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
အစည်းအဝေးတက်ရောက်လာတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များဟာ သက် ဆိုင်ရာနိုင်ငံများအလိုက် အစိုးရအဖွဲ့တွေမှာ ဩဇာအာဏာရှိသူများဖြစ်ပြီး သူတို့နိုင်ငံတွေရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေးကိစ္စရပ်များမှာ မူဝါဒ ချမှတ်သူများဖြစ်ကြပါတယ်။
ဒါ့ကြောင့် ဒီလိုပုဂ္ဂိုလ်ကြီးတွေကိုယ်တိုင် စုံစုံညီညီ တက်ရောက်လာပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုများဟာ နစကအစိုးရအတွက် များစွာ အထောက်အကူဖြစ်စေပြီး ဒီလို အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခြင်းကြောင့် နစကအစိုးရရဲ့ Legitimacy ကို အားကောင်းစေသလို နစကအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ သံတမန်ရေး ဂုဏ်သိက္ခာ ရရှိခဲ့ပါတယ်။
အပိုင်း ၂ ကို ဆက်လက်တင်ပေးသွားပါမည်။
ခင်ညိုချော


