ဇူလိုင်လ ၂၈ ရက် နေ့လည် ၁ နာရီ ခန့်တွင် ထားဝယ်မြို့နယ်၊ တောင်သုံးလုံးကျေးရွာအုပ်စု၊ ကထောက်နီကျေးရွာ ဆန်စက်ဟောင်းနေရာတွင် အကြမ်းဖက်အဖွဲ့များမှ မဆင်မခြင်ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့မှုကြောင့် အနီးရှိဆော့စကားနေသော ကလေးငယ် ၃ ဦးဖြစ်သည့်
-မောင်ဖုန်းမြတ်အောင် ၃ နှစ် ငယ်ထိပ်မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဝမ်းဗိုက် မိုင်းစဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ခြေသလုံးနှစ်ဖက် မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချစ်စီ (စိုးရိမ်ရ)။
-မနော်ဝါအယ်ဝါး ၃ နှစ်၊ ဝမ်းဗိုက်မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)။
-မနော်ဂျူးမြတ်လင်း ၂ နှစ်၊ လည်ပင်းယာဘက် မိုင်းစဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာဘက်ပေါင်ပွင့်ထွက်ဒဏ်ရာ ၁ ချက်(သေဆုံး) ခဲ့ကြောင်းသိရှိရ။ #Crd