တည်းခိုခန်းတစ်ခုမှာ တက်ကဲတဲ့စုံတွဲတစ်တွဲ အမောဖောက်ပြီး အမျိုးသားသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ အချိန်ပိုင်းလာရောက်ပြီး တည်းခိုတဲ့ စုံတွဲထဲက အမျိုးသားဖြစ်သူဟာ အမောဖောက် သေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်လ ၁၃ ရက် နေ့လည် ၁ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး (မိတ္ထီလာ) ထံမှ သိရပါတယ်။

စစ်ဆေးချက်တွေအရ သေဆုံးသူရဲ့ရုပ်အလောင်းမှာ ပြင်ပဒဏ်ရာဒဏ်ချက် တစ်စုံတစ်ရာမတွေ့ရဘဲ ဘောင်းဘီချွတ်နဲ့ သေဆုံးနေတာဖြစ်သလို သူ့အနီးအပါးမှာလည်း အဖော်အမျိုးသမီးပါရှိတာကြောင့် ကာမဆက်ဆံရင်းနဲ့ အမောဖောက်၊ နှလုံးရပ်ပြီး သေဆုံးသွားတာဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြတယ်လို့ ကူညီပေးခဲ့ကြသူတွေက ဆိုပါတယ်။

အသက် (၃၅) နှစ်ဝန်းကျင်ရှိတဲ့ အဲဒီ သေဆူံးသူ အမျိုးသားနဲ့ အသက် (၃၀) ဝန်းကျင်ရှိတဲ့ အသက်ရှင်ကျန်ရှိသူ အမျိုးသမီးတို့ဟာ မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ကြတယ်လို့ သိရပြီး လက်ရှိမှာ သေဆုံးသူ အမျိုးသား ရုပ်အလောင်းကို မိတ္ထီလာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

#𝙈𝙃𝙏𝙉𝙀𝙒𝙎