တိုက်လည်း ဖြိုးဖြိုး၊ ထိုးလည်း ရုတ်ရုတ်
ဆုတ်လည်း ညီညီ၊ ချီလည်းကြွကြွ
ချလည်းကြပ်ကြပ်၊ ရပ်လည်း မှန်မှန်
ပြန်လည်း စိုက်စိုက်၊ စစ်တိုက်ပီပီ
စစ်ချီစစ်သွား၊ ဖြစ်သောအားကြောင့်
ထူးပြား မစို၊ မညိုးမနွမ်း
တစ်ဝမ်းတည်းဖွား၊ လူအလားသို့
တစ်ပါးမရွယ် ၊ဉပါယ်မခို
မယိုမဖိတ်၊ တစ်စိတ်တည်းကျုံး
တချာရုံး၍ နှလုံးမကွဲကြစေနှင့်…