နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ထွက်ခွာ

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်မည့် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့နှင့်အတူတကွ ဇွန်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံသို ထွက်ခွာခဲ့ကြပါတယ်။

ဇွန်လ (၂၆) ရက်နေ့တွင် တရုတ်သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော် ၌ သမ္မတဟောင်း ဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ #Crd