ကံ ကံ၏ အကျိုး

အနန္တရိယကံ က ငါးပါး ရှိပါတယ်။ ပဉ္စာနန္တရိယကံ လိုလဲ ခေါ်ကြတယ်။ ကြီးလေးသောကံတရားဖြစ်ပြီး ကျူးလွန်မိသောသူအား ကြီးလေးသော အပြစ်အန္တရာယ်များ ကျရောက်စေပါတယ်။ ကျူးလွန်သူ သေဆုံးရင် အဝီစိငရဲပြည်ကို သေချာပေါက်ရောက်မှာပါ။

ပဉ္စာနန္တရိယကံ (၅) ပါးက
(၁) မာတုဃာတက – အမိရင်းကိုသတ်သူ၊
(၂) ပိတုဃာတက – အဖရင်းကိုသတ်သူ၊
(၃)အရဟန္တဃာတက – ရဟန္တာကိုသတ်သူ၊
(၄) လောဟိတုပ္ပါဒက – ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊
(၅) သံဃဘေဒက – သံဃာတော်တိုအား ဂိုဏ်းအသင်းခွဲသူ၊

အနီတွေအတွက် (၁)(၂)(၄) က မဖြစ်နိုင်ပါဘူး။ (၃) နဲ့ (၅) ကတော့ဖြစ်နိုင်ပါတယ်။ ခုဆို ရဟန်းသံဃာတွေကို သတ်ဖြတ်နေတာပါ။ သတ်လိုက်တဲ့ ရဟန်းက ရဟန္တာဟုတ် မဟုတ် ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါပေသိ ဖြစ်ဖိုက ခက်ခဲပါတယ်။ နံပါတ် (၅) ကတော့ အနီတိုင်း ကျူးလွန်ကြပါတယ်။ သံဃာတွေ ဂိုဏ်းကွဲအောင် မြောက်ပင့်ရေးသား ကြမယ်။ ရေးထားတာကို မျှဝေကြမယ်။ သံဃာတွေကို ဂိုဏ်းကွဲအောင် သွေးထိုး ဆဲဆိုနေမယ် ဆိုရင်လဲ သံဃဘေဒက ကံ ကို ကျူးလွန်သူဖြစ်ပါတယ်။

မကောင်းတဲ့ကံတွေ ကိုယ်ထံရောက်လာပြီ လိုထင်ရင် အကုသိုလ် အလုပ်တွေကို ရပ်တန့်ပါ။ လက်နက်အလှုတွေ ၊လူသတ်အားပေးတွေကို ရှောင်ရှားကြပါ။

#crdBN(နီပိန်းတိုက်ဖျက်ရေး)