ကမ်းတက်တိုက်ပွဲဆင်နွှဲပြီး ရဲတပ်ဖွဲ့ဝင်မိသားစုများအားကယ်တင်

AA အဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် နှာခေါင်းတိုကမ်းခြေတွင် ခွာစစ်ဆင်ရင် ရောက်ရှိနေသော မောင်တောမြို့နေရာစုံဆုတ်ခွာထားသည့် နခခ ၄/၆/၉ မှ ကျန်ရှိ ရဲတပ်ဖွဲ့ဝင်များအား တပ်မတော် စစ်ကြောင်းမှ ရန်သူအပြင်း အထန်တိုက်ခိုက်နေသည့်ကြားမှာ အတင်းထိုးဖောက် တိုက်ခိုက်၍ ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ထပ်မံဆုတ်စရာပင်လယ်ပြင်ပဲရှိတော့တဲ့ အနေအထားမှာ ရအောင် ဆွဲထုတ်ခဲ့ရတာပါ။

AA အကြမ်းဖက်အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့က လက်နက်မပါသည့် ရဲတပ်ဖွဲ့ဝင်များ၊ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များ အများစုပါရှိသည့် အင်အား ၂၀၀ မှ ၃၀၀ ကြားအား ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့၍ အရှင်ဖမ်းရန်လုပ်ဆောင်‌နေစဉ် တပ်မတော်မှ ကမ်းထိုးရေယာဉ်ဖြင့် စစ်ကြောင်းတစ်ကြောင်းအား နှာခေါင်းတို ကမ်းခြေမှကမ်းတက်၍ အတင်းထိုးဖောက် တိုက်ခိုက်စေခဲ့ပါတယ်၊

ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းအထိ ၃ ရက်တိုင်တိုင် တိုက်ပွဲများပြင်းထန်ခဲ့ရာ တပ်စစ်ကြောင်းများမှ ပိတ်ဆို့ထားသည့် AA အကြမ်းဖက်အဖွဲ့အား လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူပေးရန်မရနိုင်သည့် အခက်အခဲတွေကြားမှ ဒရကြမ်းလိုက်လံတိုက်ခိုက် ရှင်းလင်းခဲ့တာဖြစ်ပြီး ယခင်ရန်သူရှိနေသည့်နေရာမှ အနောက်ဘက်မီတာ ၁၀၀၀ ကျော်အထိ လိုက်လံရှင်းလင်းခဲ့ရာ ရန်သူ့ထံမှ အလောင်းလက်နက်များ များစွာရရှိခဲ့တယ်လို့လည်း ကြားသိရပါတယ်၊ အဖွဲ့တွေဆီက ကြားသိရသလောက် ပြောရမယ်ဆိုရင် သူတို့အတင်းထိုးဖောက် တိုက်ခိုက်မှု၊ ယမန်နေ့နံနက်ပိုင်း လေကြောင်းမှ ဗုံးကြဲမှုတို့ကြောင့် ရန်သူ့အလောင်း/ လက်နက်များ မရေတွက် နိုင်လောက်အောင်ရရှိခဲ့ပြီး ဆုတ်ခွာရန်သူများအား ၎င်းတို့ထံမှာ ကျည်ကုန်သည်အထိ လိုက်လံတိုက်ခိုက်ခဲ့ကာ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကမ်းထိုးယာဉ်ပေါ်တက်နေချိန်မှာ ရန်သူပြန်လည်တိုက်ခိုက်မှုအား ကြံ့ကြံ့ခံ၍ ခုခံတိုက်ခိုက်ပေးခဲ့သေးတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကြောင်းပြန်လည်ကယ်ထုတ်လာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မောင်တောမှ နေရာစုံမှ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များ၊ ရဲမိသားစုဝင် စုစုပေါင်း အင်အား ၂၀၀ မှ ၃၀၀ ကြားအား တပ်မတော် ကမ်းထိုးရေယဉ်ဖြင့်တင်ဆောင်၍ လုံခြုံစိတ်ချရသောနေရာသို့ ပြန်လည်ခေါ်ဆောင်လာနေပြီဖြစ်ကြောင်း သတင်း ကောင်းတင်ပြအပ်ပါတယ်။

ရန်သူအများအပြားကြားမှ ထိုးဖောက်ကယ်ထုတ်လာတဲ့ တပ်မတော်စစ်ကြောင်းမှ အရာရှိ/စစ်သည်များကို လည်း ဂုဏ်ယူပါတယ်။ မကြာခင် သူတို့အတွက် ဂုဏ်ထူးဆောင် သတင်းကောင်းလေးတွေ ကြားရပါလိမ့်မယ်။ စစ်ကြောင်းကတော့ စစ်သည် ၁ ယောက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#Crd