သံတွဲမြို့နယ်တွင် AA အကြမ်းဖက်သမားများနဲ့ တိုက်ပွဲဖြစ်ပွား

ဇွန်လ ၅ ရက်က ရခိုင်ပြည်နယ် သံတွဲမြိုနယ် ဂေါ့ရွာအနီး လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၂ နေရာမှ AA သောင်းကျန်းသူအင်အား ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ အထိအခိုက်အကျအဆုံးများစွာဖြင့် အလောင်းများနှင့် ဒဏ်ရာရသူများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်

ရန်သူထံမှ-
အလောင်း ၁ လောင်း
အမ်(၂၂) ၃ လက်
အမ်အေ(၂) ၁ လက်
ကျည်မျိုးစုံ ၆၅၀၀ တောင့်
ကျည်အိမ်မျိုးစုံ ၁၈ ခု
စက်လတ်ပြောင်းပို ၁ ခု
စက်လတ်ကျည်ခါးပတ်တွဲ ၁ တွဲ
RPG ဒုံးသီး ၅ လုံး
အီနာဂါ ၁၇ လုံး
၄၀ မမဗုံးသီး ၁၈ လုံး
ကျည်ကာဦးထုပ် ၄ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်