အရပ်ဘက်သုံးဒရုန်းများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စမ်းသပ်အသုံးပြု

တရုတ် အရပ်ဘက်သုံး ဒရုန်းသည် ကမ္ဘာ့ပထမဆုံး အကြိမ်အဖြစ် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၀၀၀ ရှိ Qomolangma တောင်ထိပ်တွင် ပစ္စည်းများ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ (၅)ရက်နေ့က နာမည်ကြီး ဒရုန်းကုမ္ပဏီဖြစ်သော Shenzhen DJI Innovation Technology Co., Ltd. သည် အခြားအဖွဲ့အစည်းများရဲ့ အကူအညီဖြင့် Qomolangmaတောင်ထိပ် နီပေါနိုင်ငံ ဘက်တွင် အရပ်ဘက်သုံးဒရုန်းများဖြင့် ပထမဆုံးအကြိမ် အမြင့်သယ်ယူပို့ဆောင်ရေးစမ်းသပ်မှုကို မကြာသေးမီက အောင်မြင်စွာပြီးစီးခဲ့ကြောင်း ကြေညာခဲ့သည်။

၎င်းသည် ကမ္ဘာ့ပထမဆုံး အကြိမ်အဖြစ် ပင်လယ် ရေမျက်နှာပြင် အထက် မီတာ ၅၃၀၀ မှ ၆၀၀၀ ကြားတွင် အရပ်ဘက်သုံးဒရုန်းများဖြင့် အသွားအပြန် သယ်ယူပို့ဆောင်ရေးစမ်းသပ်မှုဖြစ်ပြီး အရပ်ဘက်ဒရုန်းများ၏ အမြင့်ဆုံး သယ်ယူပို့ဆောင်ရေးအတွက် စံချိန်တင်ခဲ့သည်။

CRI Myanmar/myanmarfocus