မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷မိုက်နေသမျှ လွဲနေရအုံးမှာပါ🌷

အမုန်းတရားတွေက
မေတ္တာမ၀င်နိုင်မချင်းလက်ခံရအုံးမှာ ။

အရှုံးတရားတွေက
သည်းမခံနိုင်မချင်း ရှိနေကြအုံးမှာ ။

လောကဓံတရားတွေက
မသေမချင်းတွေ့နေကြရအုံးမှာ ။

အိုနာသေတရားတွေက
ခန္ဓာမပြတ်မချင်း ရင်ဆိုင်ရအုံးမှာ ။

သောကတွေက
တဏှာမကင်းမချင်းကြုံကြရအုံးမှာ ။

အကုသိုလ်တွေက
နှလုံးသွင်းမမှန်မချင်း ရနေကြအုံးမှာ ။

၀ဋ်တရားတွေက
မကုန်မချင်း ပေးဆပ်ကြရအုံးမှာ ။

ကွေးကွင်းခြင်းတွေက
တွေ့ကြုံ နေရသမျှ ခွဲကြရအုံးမှာ ။

တမလွန်ဘ၀တွေက
စွဲလန်းမှုမပြတ်မချင်းဆက်ရအုံးမှာ ။

သူတော်ကောင်းတရားတွေက
ပျော်နေသမျှ ချော်နေကြရအုံးမှာ ။

နိဗ္ဗာန်ခရီးတွေက
မိုက်နေသမျှ လွဲနေကြရအုံးမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏