🌷မာနနည်းလာလေ ပိုလှလာလေပဲ🌷
မာနလား?
လူတိုင်းမှာ
အနည်းနဲ့အများတော့ရှိတယ်။
မလိုအပ်တဲ့နေရာမျိုးမှာတော့
မာနမထားသင့်ဘူး။
ကိုယ့်ဂုဏ်သိက္ခာကို
ထိပါးစော်ကားလာရင်
ထုတ်သုံးဖို့အတွက်
သပ်သပ်ရပ်ရပ်လေး
သိမ်းထားရတာပေါ့။
အဲဒီလိုနေရာမျိုးမှာ
မာနမထားရင်လည်း
တန်ဖိုးထားကြမှာမဟုတ်ဘူးလေ။
သို့သော်
မာနတော့ မကြီးနဲ့။
မာနကြီးတယ်ဆိုတာက
ဘယ်သူကမှ မတိုက်တွန်းဘဲ
ကိုယ့်ကိုယ်ကိုယ်
အကုသိုလ်အဖြစ်ခံနေတာပါ။
မာနကြီးရင်
အောက်ခြေလွတ်တတ်တယ်။
ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး
ဘဝင်မြင့်နေတော့တာပဲ။
ဘာလို့ မာနကြီးနေမှာလဲ?
တစ်နေ့ မာနကြီးတဲ့သူလည်း
သေရမှာပဲ။
မာနနည်းတဲ့သူလည်း
သေရမှာပါပဲ။
သေရမှာချင်းအတူတူ
မာနနည်းတော့ အကုသိုလ်နည်းတာပေါ့။
မာနများတာ့ အကုသိုလ်ပွားတာပေါ့။
မာနချင်းပြိုင်လို့
နိုင်တယ်ဆိုရင်ကော
နိုင်တဲ့သူကသာ အကုသိုလ်တွေ
တပွေ့တပိုက်ရလိုက်တာပါ။
အကောင်းဆုံးကတော့
မာနနည်းလေ ကောင်းလေ။
မာနနည်းတဲ့သူက
အောက်ခြေမလွတ်ဘူး။
ဘဝင်မမြင့်တော့ဘူး။
မာနနည်းတဲ့သူက
ရုပ်ဘယ်လောက်ဆိုးဆိုး
လှနေတာပါပဲ။
မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)