ရန်ကုန်ရွှေအသင်းက မီးလင်းရွှေ တစ်ကျပ်သား ကျပ် ၄၈ သိန်းကျော် အဖြစ် ဇွန် ၄ ရက်တွင် သတ်မှတ်လိုက်သည်။
ဇွန် ၃ ရက်တွင် ဈေးကွက်အပိတ်ဈေးအဖြစ် ကျပ် လေးဆယ့် တစ်သိန်းသုံးသောင်း ခြောက်ထောင့် ခုနစ်ရာ သတ်မှတ်ခဲ့ရာမှ ဇွန် ၄ ရက်တွင် ကျပ် လေးဆယ့် ရှစ်သိန်း ခုနစ်သောင်း တစ်ရာ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယင်းကြောင့် မီးလင်းရွှေတကျပ်သား ကျပ် ခုနစ်သိန်းကျော် မြင့်တက်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယခုသတ်မှတ်လိုက်သည့်ဈေးနှုန်းဖြင့် ရွှေဆိုင်များ၊ ရွှေလုပ်ငန်းရှင် များအားလုံး အရောင်းအဝယ်ပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။
ဇွန် ၄ ရက်တွင်ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၂၃၄၀ ဒေါ်လာဖြစ်ကြောင်း သိရသည်။
#ELEVEN

