တိုက်ပွဲအတွင်းက အကြမ်းဖက်လက်နက်ကိုင်တို့ရဲ့ ခေတ်သစ်နည်းဗျူဟာ

အကြမ်းဖက်သမားတို့ရဲ့ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး တိုက်ပွဲတွေ ဖော်ဆောင်မှုများ ကြာမြင့်လာသည်နှင့်အမျှ အကြမ်းဖက်လက်နက်ကိုင်များအနေဖြင့် ပုံမှန်သမရိုးကျတိုက်ခိုက်နည်းထက် ၎င်းတို့တိုက်ကွက်ဖော်မည့် ဒေသများတွင် အကြမ်းဖက်အားပေးထောက်ခံသူ/ မီဒီယာများဖြင့် တပ်မတော်စခန်းဝန်းကျင်တွင် အင်အားဘယ်လောက်များများရောက်ရှိနေကြောင်း —-

(ဥပမာ ဘယ်နေရာမှာတော့ ရန်သူအင်အား ၃၀၀၀ ရောက်ရှိနေပြီ ဘယ်နေရာတွေမှာတော့ ၅၀၀ လောက်ရောက်နေပြီ)  တပ်စခန်းတွေရဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို အကြမ်းဖက်တွေအနေဖြင့် ဘယ်လိုဝိုင်းထားကြောင်း/ ဖြတ်တောက်ထားကြောင်း လေလှိုင်း/လူမှုကွန်ယက်များတွင် ဖြန့်ဝေရေးသားပြီး တပ်မတော်သားများအနေဖြင့် စိတ်ဓာတ်ကျဆင်းလာအောင်၊ စိတ်ဝေဝါးလာအောင် ပထမဆုံးမီဒီယာဖြင့် ထိုးနှက်ခြင်းပဲ ဖြစ်ပါတယ်…..

အဆိုပါ သတင်းများဖြင့် တပ်မတော်သားတွေကို စိတ်ထင်ရောင်ထင်မှား အတွေးများအောင်ပြုလုပ်ပြီးမှ တန်းတူအင်အားလောက်ဖြင့်သာ ဝင်ရောက်တိုက်ခိုက်ခြင်းသာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းအကြမ်းဖက်များ၏ တိုက်ကွက်ဖော်ဆောင်မှုနည်းလမ်းများဟာ အထက်တွင် ဖော်ပြခဲ့သလို ကိုယ့်တပ်မတော်သားတွေ စိတ်ဓာတ်ကျဆင်းပြီး ပြန်လည်တိုက်စစ်ဆင်မှုလျော့ကျသွားအောင် ဆောင်ရွက်လာခြင်းဖြစ်ပါတယ်။

တိုက်ခိုက်ရာမှာလည်း အကြမ်းဖက်တွေအနေဖြင့် အဆမတန်သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ လူတိုင်းကိုယ်စီလက်နက်များမပါရှိသလို လက်နက်မပါတဲ့သူတွေအနေဖြင့်လည်း သူတို့ရဲ့ကျဆုံးအလောင်းတွေ/ဒဏ်ရာရလူနာများကို ပြန်လည် သယ်ထုတ်ဖို့ စုစည်းထားကြတဲ့ သူများသာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရှေ့တန်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများအနေဖြင့်  အကြမ်းဖက်သမားတွေရဲ့ ဝါဒဖြန့်နည်းလမ်းများကို နားမယောင်ဘဲ မိမိတို့ဆောင်ရွက်ရန်ရှိသည်များကို ရဲရဲဝံ့ဝံ့ဆောင်ရွက်နိုင်ဖို့ ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။