🌷ကံကြွေးတွေမကုန်းသေးရင်🌷

ကံကြွေး‌တွေကျန်နေသေးသမျှတော့
ခံပေးစရာတွေလည်းရှိနေအုံးမှာပေါ့ ။

မမြင်နိုင်တဲ့ အတိတ်သံသရာဆီက
ပြုမိမှားပြောမိမှားခဲ့တဲ့ကံတွေဟာ
လေထဲမှာပဲပျောက်သွားရိုးမရှိဘူးလေ ။

အရိပ်သဖွယ် လိုက်ပြီးတော့
ကိုယ့်နောက်ကနေအကျိုးပေးနေတာပါ ။

လက်ရှိမှာကောင်းမှုတွေ
ဘယ်လောက်ပင်ပြုနေပြုနေပါစေ

ဆပ်စရာကံတွေမကုန်သေးရင်တော့
လက်ရှိကောင်းကံတွေဟာအကျိုးပေးခွင့်
လုံး၀မရနိုင်ကြသေးပါဘူး ။

မကုန်သေးသမျှတော့
၀ဋ်ကြွေး အဆိုးကံဘေးတွေဟာ
ကိုယ့်မှာ လည်းခံနေရမှာ‌သေချာပါတယ် ။

သံသယတွေနဲ့ကံတရားတွေအပေါ်မှာ
မျက်နှာလိုက်တယ်လို့မထင်ပါနဲ့ ။

ကံတရားဟာ ဘယ်သူကိုမှ
မျက်နှာသာ မပေးတတ်သလို
ဘယ်သူနောက်ကိုမှ ဘက်မလိုက်ပါဘူး ။

ကိုယ်နှင့်ထိုက်လို့သာ
ကိုယ်ရနေတဲ့ အနေထားဖြစ်ပါတယ် ။

အဆင်မပြေမှုဒုက္ခတွေမကြုံချင်ရင်တော့
ကိုယ့်ကံတွေ ထပ်မမှားဖို့ လိုပါတယ် ။ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏