စစ်သားအလျင်စလို စုဆောင်းလာနေရတဲ့ ယူကရိန်းနိုင်ငံ

ယူကရိန်း၌ စစ်မှုမထမ်းမနေရစနစ်တွင် မီးသတ်သမားများ၊ လူမှုဝန်ထမ်းများ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အရေးပေါ်ကျန်းမာရေးဝန်ထမ်းများ၊ လူနာတင်ယာဉ်မောင်းများကို လက်ရှိ ထည့်သွင်းစုဆောင်းနေခြင်းမှ ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမှုများရှိလာနေကြောင်း သိရှိရသည်။

ယူကရိန်းအနေဖြင့် ရုရှား-ယူကရိန်းစစ်ဆင်ရေးတွင် ၃၀၀၀၀ ခန့်သာသေဆုံးခဲ့သည့်ဟု ထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင် သေဆုံးမှုများပြားနေခြင်းကြောင့် အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ ဖြစ်လာနိုင်ခြင်းဖြစ်ကြောင်း ပြည်ပမီဒီယာများမှ ဖော်ပြနေကြပါတယ်။