ဘူးသီးတောင်တွင် မွတ်ဆလင် ၄၀၀ ဦးကို AA သတ်ဖြတ်

ဘူးသီးတောင်ဒေသတွင် AA ကြမ်းဖက်အဖွဲ့မှ ထွန်းဝေ က ဦးဆောင်ပြီး

  • ဘူးသီးတောင် ၅ ရပ်ကွက်ရှိ မွတ်ဆလင်အမျိုးသား ၈၇ ဦး၊
  • စိမ့်ညှင်းပြာကျေးရွာမှမွတ်ဆလင်အမျိုးသား ၁၃၅ ဦး၊
  • ညောင်ချောင်းကျေးရွာမှမွတ်ဆလင်အမျိုးသား ၉၅ ဦး၊
  • တောင်ဘဇာကျေးရွာမှမွတ်ဆလင်အမျိုးသား ၄၀ ဦး

တို့အား အစိုးရတပ်နှင့်ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲကာ အကြောင်းမဲ့သတ်ဖြတ်ခဲ့ကြောင်း ဘူးသီးတောင်ဒေသနေ ၎င်းတိုမိသားစုများထံမှ သိရပါတယ်။

အဆိုပါသတင်းအား ဖုံးကွယ်နိုင်စေရန်အတွက် AA ကြမ်းဖက်အဖွဲ့က ဘူးသီးတောင်ဒေသအတွင်းရှိ မွတ်ဆလင်မိသားစုများအား ပြင်ပသိုh ထွက်ခွာခွင့်ကို တားမြစ်ထားပြီး လက်ကိုင်ဖုန်းများအားလုံးကိုလည်း သိမ်းဆည်းထားကြောင်း သိရပါတယ်။

ထို့ပြင် ဘူးသီးတောင်မြို့အတွင်း ဖုန်းဆက်သွယ်ပြောဆိုနိုင်သောနေရာများတွင်လည်း လက်နက်ကိုင်အစောင့်အကြပ်များ ထူထပ်စွာချထားပြီးအချို့နေရာများတွင်လူသတ်မိုင်းများကို အများအပြားထောင်ထားကြောင်း ဒေသခံမွတ်ဆလင်များထံမှသိရပါတယ်။ #Crd