🚨Breaking News 🚨

မြစ်ကြီးနား၊ ဆင်ဘို၊ တာလောဘက်တွင် ရေကြီးနေသဖြင့် ထိုနေရာနှင့်အနီးတဝိုက်တွင် စခန်းချကာ အဖျက်လုပ်ငန်းလုပ်ကိုင်ရန်ကြိုးစားနေသည့် စစ်သွေးကြွအကြမ်းဖက် pdf များ၏ စခန်းအချို့ မြစ်ရေများ ၀င်ရောက်နေကြောင်း သိရပါတယ်။

ထို့အတူ၎င်းတို့စခန်းရေမြုပ်နေရာ ဒုက္ခရောက်နေရပြီး နေရာထိုင်ခင်းမသာသည့်နေရာတွင် ကာလကြာ နေထိုင်လာသဖြင့် နာဖျားသည့် pdf များကို လူစာလဲပေးရန် အထက်သို့တင်ပြလည်း အကြောင်းမထူးသည့်အပြင် မြို့တိုင်း၎င်းတို့ Pdf ကသာဦးဆောင်တိုက်နေရပြီး ပင်ပန်းလာကြောင်း။

ဝိုင်းမော်ကို လကုန်အထိ မသိမ်းနိုင်သည့်အခြေအနေအတိုင်းသာရှိနေမည်ဆိုပါက ၎င်း Pdf တို့အနေဖြင့် ဝိုင်းမော်ကိုတိုက်ပွဲကိုလက်လျှော့ကာ စစ်ကိုင်းတိုင်းသို့ ပြန်ရမည်သာရှိတော့ကြောင်း ဒေသခံများထံက သိရှိရပါတယ်။

အလားတူ ယခုအခါ ရွှေကူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အကြမ်းဖက်သင်းတန်ဆင်းပြီး ပြန်လာကြသူများသည် ကိုယ်အိမ်ကိုယ်ပြန်နေထိုင်လျက်ရှိ။ ၎င်းတို့သည် တပ်မတော်လှုပ်ရှားမှုများ၊ ဌာနဆိုင်ရာများ၏လှုပ်ရှားမှုများကို အကြမ်းဖက်အဖွဲ့ထံသတင်းပေးပို့ခြင်းနှင့် အကြမ်းဖက်အဖွဲ့အတွက် ရိက္ခာစုဆောင်းပေးခြင်ပြုလုပ်နေကြပါတယ်။

ကျေးရွာများတွင် အကြမ်းဖက်သင်တန်းဆင်းများနှင့် ကျေးရွာ NLD ပါတီဝင်များ စုပေါင်း၍ တပ်မတော်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံမှုများပြုလုပ်ခြင်းများလုပ်ဆောင်လျက်ရှိ။

ယခုလာမည့်ကျောင်းဖွင့်ရာသီတွင် ရွှေကူမြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများမှလွဲ၍ ကျေးရွာများရှိ အစိုးရ ပညာရေးဌာနကျောင်းများဖွင့်လှစ်သင်ကြားခွင့် မရရှိပါ။ ဖွင့်လှစ်ခွင့်ကိုလည်း အကြမ်းဖက်အဖွဲ့ကခွင့်မပြုပါ။

ဒါကြောင့် ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများ ဒုက္ခရောက်နေကြနှင့် ၎င်းတို့ ဖွင့်လှစ်သင်ကြားမည့် NUG စာသင်ကျောင်းများကိုမူ ကျောင်းသား/သူမိဘများက မထားချင်ကြကြောင်းကြားသိရပါတယ်။ #Crd