မေလ ၂၆ ရက်။ ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များအား KIA နှင့် PDF အကြမ်းဖက်ပူးပေါင်းအင်အား ၃၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ ၁၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ ၅၀ ဦးခန့်ဖြင့်လည်းကောင်း Drone များ၊ လက်နက်ကြီး/ငယ် များဖြင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
နယ်မြေခံတပ်ရင်းဌာနချုပ်များကို လာရောက်တိုက်ခိုက်သော KIA ၊ PDF အကြမ်းဖက်များ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု တိုက်ရိုက်ထိမှန်သဖြင့် ထိခိုက်ကျဆုံး အလောင်းများ ပြန်လည်သယ်ဆောင်ပြီး ဆုတ်ခွာသွားခဲ့။
ရန်သူဆုတ်ခွာသွားသော နေရာများအား ရှင်းလင်းခဲ့ရာ ဗုံးစထိမှန်ပြီး ပုံပျက်နေသော PDF ယူနီဖောင်းဝတ်အလောင်းနှင့်လက်နက်/ခဲယမ်းများအား သိမ်းဆည်းရမိ။
-PDF ယူနီဖောင်းဝတ် အကြမ်းဖက် ၁ လောင်း
-အမ်(၂၂) ၁ လက်
-ကျည်အိမ် ၃ ခု
-ကျည် ၆၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ စစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့။
မံစီနှင့် မိုးမောက်တိုက်ပွဲများတွင် KIA အဖွဲ့သည် ထိခိုက်ကျဆုံးများပြားနေသဖြင့် စစ်ကိုင်းတိုင်းအတွင်းမှ PDF များအား အင်အားဖြည့်တင်းပြီး ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။
အတည်ပြုဆဲကြားဖြတ်သတင်းများအရ KIA အဖွဲ့၏ အသုံးချခံ အညာ PDF များအနေဖြင့် တိုက်ပွဲများတွင် KIA တပ်ဖွဲ့ဝင်တွေရဲ့ ရှေ့ကနေ အသေခံတိုက်နေရတဲ့အတွက် ထွက်ပြေးမှုတွေရှိနေတယ်လို့ သိရပါတယ်။