မင်္ဂလာဒုံဘက်မှာ တပ်က အိမ်ခြေ ၂၀၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ Khit Thit မှ အပုပ်ချ

မင်္ဂလာဒုံမြို့နယ်၊ ရဲတပ်ရင်း ၈ အနီး ဂျိုးဖြူပိုက်လိုင်း၏ ပေ ၅၀ အတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သော နေအိမ် ၂၀၀ ကျော်ကို ပိုက်လိုင်းဧရိယာအတွင်းမှ ဖယ်ရှားပေးရန် တရားဝင်ကြော်ငြားထားရှိပြီး နေအိမ် ၁၇၇ လုံးမှာ ၎င်းတို့သဘောဆန္ဒဖြင့် ဖယ်ရှားပေးခဲ့ကာ မေလ ၂၃ ရက်နေ့၌ ကျန်ရှိနေတဲ့ နေအိမ် ၃၀ ခန့်သာ ဥပဒေနဲ့အညီ ဖယ်ရှားခဲ့ရခြင်းကို Khit Thit Media မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်လွဲမှားပြီး မုန်းတီးစေရန် ဖြစ်စဉ်ကို ပုံကြီးချဲ့၍ နေအိမ် ၂၀၀ ကျော်ကို ဖျက်ဆီးပါတယ်ဆိုပြီး အပုပ်ချကာ ဗြောင်လိမ်ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ 🇲🇲