မေလ ၂၄ ရက်နေ့ တိုက်ပွဲသတင်းများ

မေလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။
=========
ကချင်ပြည်နယ်

ဗန်းမော်ခရိုင်၊ မိုးမောက်မြိုနယ်ရှိ နယ်မြေခံတပ်စခန်း ၁ ခုအား KIA/PDF သကသများက အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တန်ပြန်ပစ်ခတ်ခဲ့ရ။ (လူ/အဆောက်အဦ ထိခိုက်မှုမရှိ)

ဗန်းမော်- မိုးမောက် ကားလမ်းတစ်လျှောက်နှင့် မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသော တပ်မတော်စစ်ကြောင်းများနှင့် KIA/PDF သကသအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး KIA အဖွဲ့များ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိကြောင်း ကြားဖြတ်သတင်းများအရ သိရှိရ။

KIA သကသ အဖွဲ့များသည် ၎င်းတို့၏ စစ်ဦးစီးချုပ်ခေါင်လွမ်း ကျဆုံးပြီးနောက် မိုးမောက်မြို့ကို သိမ်းပိုက်မည်ဟု ကြွေးကြော်လျက် အပြင်းအထန်ထိုးစစ်ဆင်လာသော်လည်း နယ်မြေခံတပ်မတော်သား များ၏ ခုခံတိုက်ခိုက်မှုများကြောင့် ထိုးစစ်ရပ်တံ့လျက်ရှိကာ တပ်မတော်စစ်ကြောင်းများကလည်း မိုးမောက်မြို့ဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရ။

ရခိုင်ပြည်နယ်

မြောက်ဦးမြို့နယ်၊ ဗူးရွက်မညှိုးရွာမှ AA အဖွဲ့ကို မလိုလားသူ ပြည်သူတစ်ဦးက မြောက်ဦးခရိုင်ထွေအုပ်ရုံးထဲတွင် AA တပ်ဖွဲ့ဝင်များ စခန်းချနေထိုင်သည်ကို ဓာတ်ပုံအထောက်အထားများနှင့် အတိအကျသတင်းပေး၍ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ AA သူပုန် ၃၁ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရှိရ။

ဒီလိုသတင်းပေးမှုဖြစ်ရပ်မှာ ရခိုင်လူမျိုးတိုင်း AA ကို မထောက်ခံဘူးဆိုသည့် သက်သေအထောက်အထား တစ်ခုဖြစ်ပါသည်။ AA ရဲ့ ထုတ်ပြန်ချက်ထဲတွင် အရပ်သား ၆ ဦး သေဆုံးတယ်လို့ ဗြောင်လိမ်ထားပေမယ့် မြေပြင်သတင်းအမှန်မှာ အရပ်ဝတ်0″ />ဝတ်ထားတဲ့ AA များသာဖြစ်ကြောင်း သိရှိရပါသည်။