ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားလာတာနဲ့အတူ AA ရခိုင်အစွန်းရောက် အကြမ်းဖက်အဖွဲ့က စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ဆိုသလို ကျူးလွန်လျက်ရှိပါတယ်။
ဒီလိုကျူးလွန်မှုတွေကြောင့် အမေရိကန်နိုင်ငံသံရုံးကတောင် ဘင်္ဂါလီတွေကို ရက်ရက်စက်စက်သတ်ဖြတ်တာတွေနဲ့ပတ်သက်ပြီး AA အကြမ်းဖက်အဖွဲ့ကို စောင့်ကြည့်နေတယ်ဖြစ်ကြောင်း စာတွေထုတ်လာပါတယ်။
အမှန်တကယ်က AA အကြမ်းဖက် အဖွဲ့ကျူးလွန်တာ ဘင်္ဂါလီတွေကိုသတ်ဖြတ်ရုံတင်မကပါဘူး။ မူးယစ်ဆေးဝါးတွေကိုလည်း အကြီးအကျယ်ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအထိ ဖြန့်ဖြူးလျက်ရှိပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရှိတဲ့ ဘင်္ဂါလီတွေကိုလည်း အခကြေးငွေယူကာ တရားမဝင် လူကုန်ကူးမှုတွေ လုပ်နေပါတယ်။ ဒီလိုတရားမဝင် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာလည်း ဖော်ပြထားတာတွေရှိပါတယ်။
ဒါ့ကြောင့် AA အကြမ်းဖက်အဖွဲ့ဟာ နိုင်ငံအတွင်းနဲ့ နိုင်ငံတကာအတွက် အန္တရာယ်ရှိတဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် ထိရောက်စွာ အရေးယူဖို့လိုကြောင်းပြောလိုပါတယ်။
CRD
