ဖွင့်လှစ်ပြီးခဲ့သော စစ်သင်တန်းအပတ်စဉ်များ စစ်မှုထမ်းရန်ဆင့်ခေါ်ရာ၌ လာရောက်ရန်ပျက်ကွက်သူအားလုံးကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မေလ ၂၀ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြောကြားခဲ့တယ်လို့သိရပါတယ်။

