မေလ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ လဝကဌာနနှင့် အခွန်ဦးစီးဌာနရုံးသို့ အကြမ်းဖက် PDF ၇ ဦးခန့် ကား ၂ စီး၊ ဆိုင်ကယ် ၁ စီးဖြင့်ရောက်လာပြီး ဝန်ထမ်းများကိုဖမ်းဆီးရန် ရောက်နေကြောင်း သတင်းရ၍ ကွန်မန်ဒိုအဖွဲဖြင့် သွားရောက်ရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်တွင် အကြမ်းဖက်သမား ၂ ဦးသည် လဝကဝန်ထမ်း အမျိုးသမီး ၁ ဦးအား ဖမ်းဆီးပြီး ကား ၁ စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရ –
(၁) အကြမ်းဖက် PDF ၅ လောင်း
(၂) အမ်အေ-၁၃ သေနတ် ၁ လက်
(၃) Sigsauer P-320 ပစ္စတို ၁ လက်
(၄) အမ်အေ-၁၃ ကျည်အိမ် ၁ ခု
(၅) ပစ္စတိုကျည်အိမ် ၁ ခု
(၆) ပစ္စတိုကျည် ၃ တောင့်
(၇) ၉ မမ ကျည် ၁၅တောင့်
(၈) ကား ၁ စီး
(၉) ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။



