နောင်တတွေနဲ့ ပူမနေပါနဲ့
ရွေးချယ်မှုတွေမှားသွားလည်း
စိတ်ဓာတ်ကျပြီးတော့ မနေပါနဲ့ ။
လူ့ဘဝဆိုတာ အမြဲပြောင်းလဲနေလို့
ကိုယ့်စိတ်ကို ထိန်းကျောင်းပေးပြီး
အကောင်းဘက်ကို ဦးတည်ပါ ။
ဆုံးဖြတ်ချက်တွေ လွဲသွားလည်း
စိတ်တွေပျက်ပြီးတော့ မနေပါနဲ့ ။
လူဆိုတာ မှားတတ်ကြတာမို့
ကိုယ့်ကိုယ်ကို နားလည်ပေးပြီး
အေးချမ်းစေအောင် ကြိုးစားပါ ။
သူများတွေက နားလည်မပေးရင်
ကိုယ်တိုင်ပဲ နားလည်ပေးလိုက်ပါ ။
သူများတွေက ဖြေရှင်းမကူရင်
ကိုယ့်စိတ်နဲ့ပဲ ဖြေရှင်းယူကြရမှာပါ ။
အချိန်တန်ရင် နားရမှာဖြစ်သလို
အချိန်တန်ရင် ပြီးသွားကြမှာဖြစ်လို့
အကြာကြီး ခံစားပြီးတော့ မနေပါနဲ့ ။
ပြီးသမျှတွေလည်းပြီးပါစေ
ကျေသမျှတွေကျေပါစေ
ပြေသမျှလည်း ပြေလည်ကြပါစေပေါ့ ။
လက်ရှိဘဝအနေထားမှာ
အားလုံးနဲ့အဆင်ပြေအောင်နေပြီး
ကိုယ့်ဘဝကို ကောင်းစွာနေရင်
နေဝင်ချိန်ဟာ ချောမွေ့သွားနိုင်ပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏