တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကချင်ပြည်နယ်
ဝိုင်းမော်မြို့ နယ်၊ ရွှေညောင်ပင်ဒေသရှိ တပ်ရင်းဌာနချုပ်နေရာတစ်ခုအား KIA အကြမ်းဖက် ၈၀ ဦးခန့်က ၂ ကြိမ်လာတိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။ (မိမိထိခိုက်မှုမရှိ)

အလားတူ ရွှေညောင်ပင်ဒေသရှိ တပ်စခန်းတစ်ခုအား KIA အကြမ်းဖက် ၂၅၀ ဦးခန့်က Drone၊ လက်နက်ကြီး/ငယ်များဖြင့် ၂ ကြိမ် တိုင်တိုင် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည် တိုက်ခိုက်ခဲ့။ (စစ်သည် ၁ ဦးဒဏ်ရာရ၊ AK ၁ လက်၊ 40 mm ဗုံးပစ်လောင်ချာ ၁ လက် သိမ်းဆည်းရရှိ)

မံစီမြိုနယ်ရှိ တပ်ရင်းဌာနချုပ် ၂ နေရာအား KIA သကသအဖွဲသည် အဝေးမှလက်နက်ကြီးဖြင့် အလုံး ၅၀ ပစ်ခတ်ခဲ့ပြီး လူ/အဆောက်အဦ ထိခိုက်မှုမရှိ။ KIA သူပုန်များအနေဖြင့် မံစီမြိုကို သိမ်းမည်ဟုဆိုသော်လည်း မြိုနားတောင် မကပ်နိုင်ကြောင်း သိရှိရ။

ကယားပြည်နယ်
လွိင်ကော်မြို၏ မြောက်ဘက် မီတာ ၈၀၀၀ ခန့်တွင် နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် KNDF/KNPP အကြမ်းဖက် ၂၀ ဦးနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့ (မိမိထိခိုက်မှုမရှိ)။ အလားတူ လွိင်ကော်မြို မြောက်ဘက် မီတာ ၉၀၀၀ ခန့်တွင် စစ်ကြောင်းနှင့် KNDF/KNPP အကြမ်းဖက် ၅ ဦးနဲ့ ထိတွေ့မှုဖြစ်ပြီး ရန်သူဆုတ်ခွာသွားခဲ့ (မိမိဘက် ထိခိုက်မှုမရှိ)။

KNDF/KNPP အကြမ်းဖက်အဖွဲများသည် လွိင်ကော်မြိုတွင်းသို ဝင်ရောက်နိုင်ခြင်းမရှိတော့ဘဲ မြိုပြင် နေရာအချိုတွင်သာ အင်အား အနည်းငယ်ဖြင့် နှောင့်ယှက်ပစ်ခတ်မှုများ ကြိုကြားကြိုကြား လုပ်ဆောင်နေ ကြောင်း သိရှိရ။

ချင်းပြည်နယ်
ဖလမ်းခရိုင်၊ တွန်းဇံမြိုနယ် ရဲတပ်ဖွဲမှူးရုံးနှင့် လုံခြုံရေးစခန်းအချိုအား အကြမ်းဖက်သူ ၈၀ ဦးခန့်က Drone၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သောကြောင့် လေကြောင်းပစ်ကူယူ၍ ပြန်လည် ပစ်ခတ်ခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့။ (စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲဝင် ၃ ဦး၊ အကျဉ်းသား ၃ ဦး ဒဏ်ရာရ)