ရုရှားနိုင်ငံထုတ် Drone အကြောင်း သိကောင်းစရာ

ယူကရိန်းတပ်မတော်ရဲ့ Franken လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရုရှားက သူတို့ရဲ့ Lancet တစ်ခါသုံးတိုက်ခိုက်ရေးဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ Vd ဖိုင်တစ်ခု လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာနေပါတယ်။

Lancet ဒရုန်းကို အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ AIM-7 နှင့် RIM လေယာဉ်ပစ်ဒုံးတွေရဲ့ နည်းစနစ်တွေကို ပေါင်းစပ်တပ်ဆင်ထားခြင်းဖြစ်ပြီး…….

💥လေပေါ်တွင် အချိန်ကြာမြင့်စွာ ပျံဝဲနိုင်ခြင်း၊

💥မျက်မြင်ကြည့်ရှု ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကင်မရာတပ်ဆင်ထားတဲ့အချိန်မှာ မြေပြင်ပစ်မှတ်တွေကို တိကျစွာတိုက်ခိုက်နိုင်စွမ်းရှိခြင်း၊

💥စစ်မြေပြင်တွင်ကင်းထောက်ခြင်းနှင့် တိုက်ခိုက်ခြင်း တာဝန်နှစ်ရပ်အား တွင်ကျယ်စွာလုပ်ဆောင်နိုင်ခြင်း စသည့် စွမ်းအားများရှိပြီး

👉ရုရှားတို့အနေဖြင့် အရေးကြီးသော စစ်လက်နက်ပစ္စည်းများ (Franken အပါအဝင်)၊ လေကြောင်းရန်ကာကွယ်ရေးလက်နက်များ၊ အမြောက်များ၊ ထိန်းချုပ်ကွပ်ကဲရေးစင်တာများအား တိုက်ခိုက်ရာတွင် အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်👈

#တိုက်ပွဲသတင်းစုံ